Tag: k&A

  • Notification 56/2020

    စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ ၂၀၂၀ ခုနှစ်၊ မေလ၊ ၁၅ ရက်နေ့တွင် “အမိန့်ကြော်ငြာစာအမှတ် ၅၆/၂၀၂၀” ကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ အမိန့်ကြော်ငြာစာအရ ကုန်သွယ်လုပ်ငန်းခွန် စည်မျဉ်း ၄၂၊ စည်းမျဉ်းခွဲ (ဃ) ပယ်ဖျက်လိုက်သည့်အတွက် လုပ်ငန်း​၏ ပုံသေပိုင်ပိုင်ပစ္စည်းများ (သို့မဟုတ်) မ-တည်အပိုင်ပစ္စည်းများ(Capital Asset) တွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် ၁.၁၀.၂၀၁၉ (၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်) မှစပီး ပုံသေပိုင်ပစ္စည်းများ (သို့) မ-တည်ပိုင်ပစ္စည်းများ (ဥပမာ- ရုံးအသုံးဆောင်များ၊ ပရိဘောဂများ၊ air-con၊ laptop) ဝယ်ယူသည့်အခါ ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ခဲ့ရလျှင် မိမိတို့ဘက်မှ ပြန်လည်ခုနှိမ်နိုင်ရန်အတွက် ပတခ (ကသခ)-၃၁ တောင်းဖို့လိုအပ်ပါတယ်။ According to the Notification 56/2020, commercial…